ရေးမြို့နယ်၌ လူငယ်စကားဝိုင်း ကျင်းပ
ရေး အောက်တိုဘာ ၄
မွန်ပြည်နယ် ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို အောက်တိုဘာ ၂ ရက်က အထက(အစင်)၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် အထက(အစင်)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မို့မို့ က အမှာစကားပြောကြားပြီး Grade-11 ကျောင်းသူ လေးဦးက လူငယ်နှင့် ဘဝရည်မှန်းချက်၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တို့ကာကွယ်၊ လူငယ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူငယ်နှင့် သဘာဝဘေးဒဏ် ကာကွယ်ဖို့ သစ်တောများကို ထိန်းသိမ်းစို့ခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေး ကြပြီး ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ပါဝင်ဆွေးနွေးသူများအပြင် အမှတ်(၃၉) မူးယစ်တပ်ဖွဲ့စုမှ ဒုတိယ ရဲမှူးကြီး မျိုးမင်းထွဋ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးစိုးမိုးအောင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးကိုကိုတို့က ဖြည့်စွက်ရှင်းလင်းသည်။
ထို့နောက် ပါဝင်ဆွေးနွေးသူများအား ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ဆုများ ချီးမြှင့်ပေးကြကြောင်း သိရသည်။
ရှင်းသန့်ဖြူ

No comments