မင်းလှမြို့နယ် စစ်ကွင်းမြို့အဝင်လမ်းဘေး ဝဲ/ယာ၌ အရိပ်ရ မန်ဂျန်ရှားပျိုးပင် ၁၀၀ စိုက်ပျိုးထားရှိ
မင်းလှ အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် လမ်းဦးစီးဌာနက ၂၀၂၆ ခုနှစ် မိုးရာသီတွင် စစ်ကွင်းမြို့အဝင်လမ်းဘေး ဝဲ/ ယာ၌ နှစ်ရှည်ပင်နှင့် အရိပ်ရပင် မန်ဂျန်ရှားပျိုးပင် ၁၀၀ စိုက်ပျိုးထားရှိသည်။
စိုက်ပျိုးထားရှိသည့် ပျိုးပင်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ သေပင် ရှင်ပင်စစ်ဆေးခြင်း၊ သေပင်များ အစားထိုးစိုက်ပျိုးခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)

No comments