လာလီဂါကိုးပွဲစလုံးအနိုင်ရရှိခဲ့တဲ့ ဘာစီလိုနာ ဇယားထိပ်၌ ဆက်လက်ဦးဆောင် လာမိုင်းယာမယ် ယခုရာသီ လာလီဂါသွင်းဂိုး ရှစ်ဂိုးအထိရှိလာ

 


ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပွဲစဉ်(၉) အဖြစ် အောက်တိုဘာ  ၁၇  ရက်  ညပိုင်းက ရီးယဲလ်ဘတ်တစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ  အနိုင်ရရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ လက်ရှိယှဉ်ပြိုင်ကစားပြီးဖြစ်တဲ့ စပိန်လာလီဂါ ကိုးပွဲစလုံး အနိုင်ရရှိ ခဲ့မှုနဲ့အတူ  အမှတ်ပေးဇယားထိပ်မှာ  ဆက်လက်ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရီးယဲလ်ဘတ်တစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင် ခဲ့တဲ့ လာမိုင်းယာမယ်ကတော့ ယခု ဘောလုံးရာသီမှာ   ဘာစီလိုနာအသင်းနဲ့အတူ    စပိန်လာလီဂါ သွင်းဂိုး ရှစ်ဂိုးအထိ   ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားဒုတိယနေရာက အက်သလက်တီကို မက်ဒရစ်အသင်းကို ငါးမှတ်ဖြတ်၊ ရီးယဲလ်ဘတ်တစ်အသင်းကို ရှစ်မှတ်၊ ရီးယဲလ်မက်ဒရစ်အသင်းကို   ကိုးမှတ်ဖြင့်  ဇယားထိပ်မှာ  ဦးဆောင်နေတာ ဖြစ်ပါတယ်။

ငွေကြယ်

No comments

Powered by Blogger.