လက်ရှိကမ္ဘာ့ချန်ပီယံ ရီဘာကီနာ တရုတ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ၆၄ ဦးအဆင့်တွင် ချာရာအဲဗာနှင့် ယှဉ်ပြိုင်ရမည်



လက်ရှိကမ္ဘာ့အဆင့် (၁) ကာဇက်စတန်တင်းနစ်မယ် အယ်လီနာ ရီဘာကီနာသည် တရုတ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် တရုတ်အိုးပင်းတင်းနစ် ပြိုင်ပွဲ ၆၄ ဦးအဆင့်တွင် အာလီနာ ချာရာအဲဗာနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

ချာရာအဲဗာသည် တရုတ်အိုးပင်း ၁၂၈ ဦးအဆင့်တွင် ယူကရိန်းတင်းနစ်မယ် ယူလီယာကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ၅-၇၊ ၇-၅၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၆၄ ဦးအဆင့် တက်လှမ်းလာသူ ဖြစ်သည်။ ရီဘာကီနာသည် ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် ယူအက်စ်အိုးပင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ဘယ်လာရုစ် တင်းနစ်မယ် ဆာဘယ်လင်ကာကို အကြိတ်အနယ် ယှဉ်ပြိုင်ကာ ဖလားဆွတ်ခူးထားသူဖြစ်သည်။

 

တရုတ်အိုးပင်းတင်းနစ်ပြိုင်ပွဲ သည် ဒဗလျူတီအေ ၁၀၀၀ အဆင့်ရှိ ပြိုင်ပွဲအမျိုးအစားဖြစ်ပြီး ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ် ရီဘာ ကီနာအပြင် ဆာဘယ်လင်ကာ၊ ရှီယွန်တက်ခ်၊ အန်ဒရေဗာ၊ ပါအို လီနီ၊ ကာလင်စကာယာ စသည့်ထိပ်တန်းတင်းနစ်မယ်များ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 

အောင်ဇော်

No comments

Powered by Blogger.