သီရိလင်္ကာနိုင်ငံ၌ စိုက်ပျိုးရေးလုပ်ငန်းအချက်အလက်များကို ဒီဂျစ်တယ်စနစ်ဖြင့် သန်းခေါင်စာရင်းကောက်ယူမည်

 


ကိုလံဘို   အောက်တိုဘာ   ၁၁

သီရိလင်္ကာနိုင်ငံတစ်ဝန်းတွင် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာအချက်အလက်များကို ဒီဂျစ်တယ်စနစ်ဖြင့် သန်းခေါင် စာရင်းကောက်ယူနိုင်ရန်အတွက်  စာရင်းကောက်ဝန်ထမ်းများအား  စေလွှတ်မည်ဖြစ်ကြောင်း  သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာန ညွှန်ကြားရေးမှူးချုပ်  ကေအမ်ဒီအက်စ်ဒီ ကရူနာရတနက ပြောကြားသည်။

မိမိတို့ဌာနအနေဖြင့် စာရွက်ပုံစံဖြင့် သန်းခေါင်စာရင်းကောက်ယူသည့်ပုံစံကို စွန့်လွှတ်ကာ ယခုကဲ့သို့ ဒီဂျစ်တယ် စနစ်ဖြင့်  လေ့လာဆန်းစစ်မှုပြုလုပ်ခြင်းဖြစ်ကြောင်း  ၎င်းက  ပြောကြားသည်။

သီရိလင်္ကာနိုင်ငံ၏ အခြေခံအုပ်ချုပ်ရေးအဖွဲ့အစည်းဖြစ်သော Grama Niladhari အဆင့်အထိ ကွင်းဆင်းကောက်ယူ မည်ဖြစ်ပြီး စီးပွားဖြစ်စိုက်ပျိုးမြေများသာမက လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးရေးခြံကြီးများ၊ အိမ်တွင်းဥယျာဉ်ခြံမြေ စိုက်ပျိုးသူများနှင့် စမတ်စိုက်ပျိုးရေးလုပ်ကိုင်သူများပါ ပါဝင်မည်ဖြစ်သည်။

စာရင်းကောက်ယူမည့် အချက်အလက်များတွင် သီးနှံစိုက်ပျိုးမှု၊ မွေးမြူရေး၊ မြေယာအသုံးချမှု၊ ရေသွင်းစနစ်များ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုများ၊ စိုက်ပျိုးရေးဆိုင်ရာ အခြေခံအဆောက်အအုံများနှင့်   ကုန်ထုတ် လုပ်မှုဆိုင်ရာကိစ္စရပ်များ ပါဝင်သည်။

စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ငန်းများသာမက တောင်သူလယ်သမားငယ်များ၊ ကြီးမားသောစိုက်ပျိုးရေးခြံကြီးများ၊ မြေပိုင်ရှင်များ၊  အိမ်ခြံဝင်းအတွင်း စိုက်ပျိုးသူများနှင့် ခေတ်မီနည်းပညာသုံး စိုက်ပျိုးရေးလုပ်ကိုင်သူများအထိ    သွားရောက်ကောက်ယူမည်ဖြစ်သည်။

အထောက်အကူပြု

ရရှိလာမည့် အချက်အလက်များအား စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ အနာဂတ်စီမံကိန်းရေးဆွဲခြင်းနှင့် မူဝါဒချမှတ်ခြင်း တို့အတွက် အထောက်အကူပြုရန် ရည်ရွယ်ထားကြောင်းသိရသည်။

ဆင်ဟွာ

No comments

Powered by Blogger.