စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

 



မုံရွာ အောက်တိုဘာ ၄


မုံရွာမြို့နေပြည်သူများ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ် ရှားအားကစား ဆောင်ရွက်နိုင်ရေးနှင့် ကန်သာယာကန် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ရေဆိုးမြောင်းများ တူးဖော်ရန် စီစဉ်ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အရည်အသွေးများနှင့်အညီ စံချိန်စံညွှန်းမီစွာ ဆောင်ရွက်ရန် မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.