ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ်(၁၃) သင်တန်းဖွင့်လှစ်




ရန်ကုန် အောက်တိုဘာ ၅


ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ်(၁၃)၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်) ကေတုမတီခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် နိုင်ငံတော်အစိုးရ၏ မျှော်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းသို့ သင်တန်း သား ၁၉ ဦး၊ သင်တန်းသူ ခုနစ်ဦး၊ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၂၆ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ အောက်တိုဘာ ၅ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ဖြစ်ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲ အပြီးတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ သည် ရတနာသိင်္ဃခန်းမ၌ အရာ ထမ်းငယ်သင်တန်း အမှတ်စဉ် (၁၃၈)၊ အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ်(၁၆)၊ အရာ ထမ်းအခြေခံသင်တန်း အမှတ်စဉ် (၂၂၇)တို့မှ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံပြီး ရုံးလုပ်ငန်းများ တစ်ပုံစံတည်းဖြစ်စေရေး၊ ဝင်စာ၊ ထွက်စာ ဖိုင်တွဲစနစ်များ စနစ်တကျ ဆောင်ရွက်တတ်စေ ရေး မှာကြားကာ တက္ကသိုလ်အတွင်း စိုက်ပျိုးထားသော ရာသီ သီးနှံစိုက်ခင်း၊ တစ်သျှူးငှက်ပျော စိုက်ခင်း၊ ဌာနအလိုက်စိုက်ခင်းများ၊ တက္ကသိုလ်ဆေးရုံနှင့် သင်တန်း အိပ်ဆောင်များကို လှည့်လည် ကြည့်ရှုစစ်ဆေး၍ စံပယ်ဆောင် စားရိပ်သာ၌ အရာထမ်းငယ် သင်တန်း အမှတ်စဉ်(၁၃)မှ သင်တန်းသူများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်သည်။


ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တက္ကသိုလ် အစည်းအဝေးခန်းမ၌ တက္ကသိုလ် သင်ကြား၊ စီမံဌာနများမှ တာဝန် ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး တက္ကသိုလ်မှ ဆောင်ရွက်လျက် ရှိသော စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများနှင့် သင်တန်းဆိုင်ရာကိစ္စရပ် တင်ပြချက်များအပေါ် လိုအပ် သည်များ ပြင်ဆင်ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.