ဘာစီလိုနာအသင်းက ဂီတာဖေးအသင်းကို ဂိုးပြတ်အနိုင်ရပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်
ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပွဲစဉ်(၈)အဖြစ် အောက်တိုဘာ ၁၀ ရက် ညပိုင်းက ဂီတာဖေးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့ပါတယ်။
သွင်းယူ
အဲဒီပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက်
သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် နှစ်မိနစ်မှာ အန်တိုနီဂေါ်ဒွန်က တစ်ဂိုး၊ မိနစ်
၃၀ မှာ ဂါဘရီယယ်ဂျီးဆပ်က တစ်ဂိုး၊ ၇၃ မိနစ်မှာ ကွန်ဒီက တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာ
ဖြစ်ပါတယ်။
အန်တိုနီဂေါ်ဒွန်ဟာ ယခုနှစ် မေလအတွင်းက နယူးကာဆယ်အသင်းကနေ ဘာစီလိုနာအသင်းဆီ
ပြောင်းရွှေ့ကြေးပေါင် ၆၉ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းအတွက်
ပထမဆုံး ဂိုးသွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဂီတာဖေးအသင်းကို
အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါပွဲစဉ်(၈) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ပွဲစဉ်အားလုံးအနိုင်ရရှိခဲ့လို့ ရမှတ်စုစုပေါင်း
၂၄ မှတ် စုဆောင်းနိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ဂီတာဖေးအသင်းကတော့ စပိန်လာလီဂါပွဲစဉ်(၈)အပြီးမှာ ရမှတ်ရှစ်မှတ်သာစုဆောင်းနိုင်ခဲ့လို့ အမှတ်ပေးဇယား
အဆင့် (၁၃)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
အခြားသော စပိန်လာလီဂါပွဲစဉ်တွေမှာတော့
ရီးယဲလ်မက်ဒရစ်အသင်းက ဗီလာရီးယဲလ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊
အက်သလက်တီကိုမက်ဒရစ်အသင်းက အလာဗက်စ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်
အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ငွေကြယ်

No comments