ရန်ကုန်မြို့တွင် ကျင်းပမည့် ၂၀၂၇ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ ကျင်းပ
ရန်ကုန် အောက်တိုဘာ ၄
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်
လက်ခံကျင်းပမည့် ၂၀၂၇ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ
အုပ်စု (G) အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ
၄ ရက်က သုဝဏ္ဏဘောလုံးကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပသည်။
ယင်းအုပ်စုတွင် မြန်မာ၊
ဟောင် ကောင်၊ ဂူအမ်အသင်းတို့ပါဝင်ပြီး အောက်တိုဘာ ၅ ရက်တွင် မြန်မာအသင်းနှင့် ဂူအမ်အသင်း၊ အောက်တိုဘာ ၈ ရက်တွင် ဟောင်ကောင်အသင်းနှင့် ဂူအမ်အသင်း၊ အောက်တိုဘာ ၁၁ ရက်တွင် မြန်မာအသင်းနှင့် ဟောင်ကောင်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ပွဲအားလုံးကို ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။
လာရောက်ကြည့်ရှု
ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်
မြန်မာအသင်း နည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ယုကီတက်ဆုရိုက
“အရင်ဆုံး ကျွန်တော်တို့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ခွင့်ရရှိအောင် ကူညီပေးခဲ့ကြသူများအားလုံးနဲ့ လာရောက်ကြည့်ရှုအားပေးကြမယ့် ပရိသတ်တွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ အခုဆိုရင်
ကျွန်တော်တို့ အသင်းဟာ အုပ်စုတွင်း ပြိုင်ဘက်နှစ်သင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အဲဒီအသင်းတွေ မှာလည်း မိမိတို့နဲ့မတူတဲ့ သီးခြားအားသာချက် တွေ အသီးသီးရှိကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြိုင်ဘက်ရဲ့
အားသာချက်၊ အားနည်းချက် တွေကို သုံးသပ်ပြီး သေချာပြင်ဆင်ပြီးတော့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။
အသင်းရဲ့ ကစားသမားစုဖွဲ့မှုနဲ့
ပတ်သက်လို့တော့ ဒီပြိုင်ပွဲ မစတင်မီကတည်းက
စနစ်တကျ ပြင်ဆင်လာခဲ့တဲ့အသင်းနဲ့ပဲ ကစားသွားမှာဖြစ်ပါတယ်။
ဒါပေမဲ့လည်း အဲဒီအထဲက ကစားသမားအချို့ ဒဏ်ရာရရှိသွားတာကြောင့် ဒီပွဲမှာ မပါနိုင်ပါဘူး။
သို့သော်လည်း ဒဏ်ရာရသူတွေရဲ့နေရာမှာ
အစားထိုးဝင်ရောက်လာတဲ့ ကစားသမား အသစ်တွေဟာ ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချပြီး
ကြိုးစားနေကြတာမို့ ယုံကြည်မှုရှိရှိနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ ကစားသမားတွေအားလုံးရဲ့ အကောင်းဆုံး
ကြိုးစားအားထုတ်မှုကို မြင်တွေ့ရတဲ့အတွက် အသင်းအပေါ် အပြည့်အဝ ယုံကြည်မှုရှိပါ တယ်” ဟု ပြောသည်။
မြန်မာအသင်းခေါင်းဆောင် ရှင်းသန့်ဖြူစင်ပြုံးက “ကျွန်မတို့အနေနဲ့ကတော့ ပွဲတိုင်းကို အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ ပွဲစဉ်တိုင်းမှာ သုံးမှတ်ရရှိအောင်လည်း အကောင်းဆုံးကြိုးစားသွားမှာပါ။ အဓိကကတော့ ကျွန်မတို့ နည်းပြပြသတဲ့ နည်းဗျူဟာတွေကို သေချာလိုက်နာပြီးတော့ ယှဉ်ပြိုင်သွားမှာပါ။ ပြင်ဆင်ချိန် အများကြီးရခဲ့တဲ့အတွက်လည်း စိတ်ဓာတ်ပိုင်းရော၊ ကစားတာရော ပိုမိုကောင်းမွန်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု
ပြောသည်။
သတင်း
- ညီမြတ်သော်တာ
ဓာတ်ပုံ - MFF
.jpg)
No comments