MFF ယူ-၁၆ ဖူဆယ်လူငယ်လိဂ်ပြိုင်ပွဲ ဒုတိယအကျော့ စတင်ကျင်းပ

 


ရန်ကုန်   အောက်တိုဘာ   ၄

၂၀၂၆  MFF ယူ-၁၆ ဖူဆယ်လူငယ်လိဂ်ပြိုင်ပွဲ ဒုတိယအကျော့ အဖွင့်ရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် ၁၂ ကို အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။

ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်ခဲ့သည့်  SGF Youth အသင်းသည် ဒုတိယအကျော့အဖွင့်ပွဲမှာပင် ဒုတိယနေရာမှ Victoria အသင်းကို အရေးနိမ့်ခဲ့သဖြင့် ရမှတ်တူသွားပြီး ချန်ပီယံဆုအတွက် အပြိုင်ဖြစ်လာသည်။ ပွဲစဉ်(၁၂)တွင် Jullniss အသင်းက  TKA  Star  အသင်းကို ခြောက်ဂိုး - နှစ်ဂိုး၊ Avengers Junior အသင်းက United City အသင်းကို လေးဂိုး - သုံးဂိုး၊ Mahar Burma အသင်းက မာရိန်းအသင်းကို လေးဂိုး - နှစ်ဂိုး၊ Victoria အသင်းက SGF Youth အသင်းကို လေးဂိုး -  နှစ်ဂိုး၊ ဘူရှီဒိုအသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို ခုနစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိပြီး FFU မင်းမဟော်အသင်းနှင့် Pacific Sun Far အသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။

ပွဲစဉ်(၁၂)အပြီးတွင်  Victoria အသင်းနှင့် SGF Youth အသင်းက ၃၁ မှတ်စီ၊ Mahar  Burma အသင်းက  ၂၄ မှတ်၊  FFU မင်းမဟော်အသင်းက ၂၂ မှတ်၊  Avengers Junior အသင်းက ၂၁ မှတ်၊  Pacific Sun Far အသင်းက ရမှတ် ၂၀၊   Jullniss အသင်းက  ၁၉  မှတ်၊   United City အသင်းက  ၁၈ မှတ်၊  TKA Stars အသင်းက  ၁၅ မှတ်၊ ဘူရှီဒိုအသင်းက ခုနစ်မှတ်၊ ရွှေပြည်သာယူနိုက်တက်အသင်းက သုံးမှတ်၊ မာရိန်းအသင်းက  တစ်မှတ်ရရှိထားသည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MFF

No comments

Powered by Blogger.