ဟင်္သာတမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးဆိုင်ရာ ဆင့်ပွားသင်တန်းပို့ချ
ဟင်္သာတ အောက်တိုဘာ
၃၀
ဧရာဝတီတိုင်းဒေသကြီး
ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ
စာရင်းကောက်ယူရေးဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
ခရိုင်ဦးစီးမှူးက ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းခြင်းနှင့်
မြို့နယ်ဦးစီးမှူးက စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များ၊ မြေပြင်တွင် လက်တွေ့ကွင်းဆင်း
စာရင်းကောက်ယူရာ၌ လိုက်နာရမည့်နည်းလမ်းများနှင့် အချက်အလက် စေလွှတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို
ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments