အာရှဖလား ယူ-၁၇ ခြေစစ်ပွဲအတွက် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း လေ့ကျင့်ပြင်ဆင်
ရန်ကုန် အောက်တိုဘာ
၁
မြန်မာ ယူ-၁၇ အမျိုးသမီးလူငယ်
လက်ရွေးစင်အသင်းသည် အောက်တိုဘာ ၅ ရက်မှ ၁၁ ရက်အထိ ယှဉ်ပြိုင်ရမည့် ၂၀၂၇ အာရှဖလားယူ-၁၇
အမျိုးသမီးခြေစစ်ပွဲအတွက် အပြီးသတ်လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
မြန်မာ ယူ-၁၇ အမျိုးသမီးလူငယ်
လက်ရွေးစင်အသင်းကို ဂျပန်နိုင်ငံသား ယုကီ တက်ဆုရိုက နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်နေပြီး
ခြေစစ်ပွဲအောင်မြင်ရေး အလေးထားပြင်ဆင်လျက် ရှိသည်။ ယုကီ တက်ဆုရိုသည် မြန်မာ့လက်ရွေးစင်အမျိုးသမီး
အသင်းနည်းပြချုပ်ဟောင်းဖြစ်ပြီး အမျိုးသမီး ဘောလုံးလောကတွင် ကျင်လည်ခဲ့သူဖြစ်သောကြောင့်
မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းကိုလည်း ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ဖွယ်ရှိနေသည်။
မြန်မာအသင်းသည်
ဂူအမ်၊ ဟောင်ကောင်အသင်းတို့နှင့် အုပ်စု (G) တွင် ကျရောက်နေပြီး အမှတ်အများဆုံးရရှိသည့်
ထိပ်ဆုံးတစ်သင်းသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ ယင်းအုပ်စုပွဲစဉ်များကို မြန်မာနိုင်ငံက
အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။
အုပ်စု(G) ပွဲစဉ်များအဖြစ် အောက်တိုဘာ ၅ ရက်တွင် မြန်မာအသင်းနှင့် ဂူအမ်အသင်း၊ အောက်တိုဘာ
၈ ရက်တွင် ဟောင်ကောင်အသင်းနှင့် ဂူအမ်အသင်း၊ အောက်တိုဘာ ၁၁ ရက်တွင် မြန်မာအသင်းနှင့်
ဟောင်ကောင်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပွဲအားလုံး ညနေ ၄ နာရီ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ၊
ဓာတ်ပုံ-MFF

No comments