M League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် Galaxy အသင်း ဒုတိယပိုင်းသွင်းဂိုးများဖြင့် အနိုင်ရ



ရန်ကုန် အောက်တိုဘာ ၁

 

2026 M League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၇) တတိယနေ့ကို အောက်တိုဘာ ၁ ရက်က ဗဟန်းကွင်း၌ ဆက်လက်ကျင်းပရာ Galaxy အသင်းက ဟံသာဝတီယူနိုက်တက် အသင်းကို နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 

အမှတ်ပေးဇယား အဆင့် (၉ ၊ ၁၀) နေရာတွင် အထက်၊ အောက်ရပ်တည်နေသည့် နှစ်သင်း ထိပ်တိုက်တွေ့ဆုံခြင်းဖြစ်ပြီး Galaxy အသင်းက ဒုတိယပိုင်းသွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။ ခြေစွမ်းမကွာသည့် အသင်းများဖြစ်သောကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး Galaxy အသင်းအတွက် အနိုင်ဂိုးများကို ၆၃ မိနစ်တွင် သက်နိုင်ဦး၊ ၆၆ မိနစ်တွင် ပိုင်ဇေထွန်းတို့က သွင်းယူသည်။

 

ပွဲစဉ် (၁၇) နောက်ဆုံးနေ့ကို အောက်တိုဘာ ၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ သစ္စာအားမာန်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း၊ ဗဟန်းကွင်း၌ ရတနာပုံအသင်းနှင့် အား/ကာသိပ္ပံ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ကိုညီလေး

ဓာတ်ပုံ-ML

No comments

Powered by Blogger.