နည်းပြ အာတီတာ ချန်ပီယံအာဆင်နယ်နှင့် ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို
နည်းပြ မီခေးလ်အာတီတာသည် ပရီမီယာလိဂ်ချန်ပီယံ အာဆင်နယ်အသင်းနှင့် ၂၀၃၀ ပြည့်နှစ်အထိရှိမည့် သက်တမ်းတိုးစာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အသက် ၄၄ နှစ် စပိန်လူမျိုး
နည်းပြအာတီတာ၏ လက်ရှိစာချုပ်သက်တမ်းမှာ ယခုနှစ်ရာသီကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်သော်လည်း
သက်တမ်းတိုးစာချုပ်ကြောင့် အမ်းမရိတ်တွင် ၂၀၃၀ ပြည့်နှစ် အထိ ရှိနေတော့မည်ဖြစ်သည်။
၎င်း၏ စာချုပ်သစ်တွင် လက်ရှိလုပ်ခလစာ တစ်နှစ် ပေါင် ၁၀ သန်း အပြင် အပိုဆုကြေး ပေါင်
၅ သန်း ပါရှိကြောင်း သိရသည်။
၂၀၁၉ ခုနှစ်တွင် အာဆင်နယ်နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသော အာတီတာသည် မေလက ကျင်းပခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲတွင်
ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ပြီး ဖလားဆွတ်ခူးခွင့်လွဲချော်ခဲ့သော်လည်း ပြီးခဲ့သည့် ရာသီတွင် နှစ်ပေါင်း
၂၀ အတွင်း ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးရရှိအောင် စွမ်းဆောင်ထားသည်။ ထို့အပြင် ၎င်းသည်
၂၀၁၉-၂၀၂၀ ရာသီတွင်လည်း အက်ဖ်အေဖလားကို ဆွတ်ခူးရရှိအောင် စွမ်းဆောင်ထားသည်။
၎င်းသည် အာဆင်နယ်အသင်းကို
ပွဲပေါင်း ၃၆၁ ပွဲ တာဝန်ယူကိုင်တွယ်ထားပြီး ၂၂၄ ပွဲနိုင်၊ ပွဲ ၆၀ သရေ နှင့် ၇၇ ပွဲရှုံးနိမ့်ထားသည်။
အာဆင်နယ်အသင်းသည် ယခုနှစ်ရာသီတွင် ပရီမီယာလိဂ် ငါးပွဲကစားပြီး လေးပွဲနိုင် တစ်ပွဲရှုံး
ရလဒ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေသည်။ အာဆင်နယ်အသင်းသည် လာမည့်ပွဲစဉ်အဖြစ် အောက်တိုဘာ
၁၀ ရက်တွင် လိဒ်စ်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
အောင်ဇော်

No comments