စစ်ကိုင်းမြို့နယ် အာလောင်ကျေးရွာ၌ ဂါလန် ၅၀၀၀ ဆံ့အုတ်ရေကန်တည်ဆောက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး



စစ်ကိုင်း  အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စစ်ကိုင်းမြို့နယ်၊ အာလောင်ကျေးရွာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သော  ဂါလန် ၅၀၀၀ ဆံ့အုတ်ရေကန်တည်ဆောက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ကိုင်းခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ယဉ်ယဉ်ချို၊ စစ်ကိုင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ် နှင့် တာဝန်ရှိသူများက ကျေးရွာရပ်မိရပ်ဖများနှင့်အတူ အာလောင်ကျေးရွာ၌  ဂါလန် ၅၀၀၀ ဆံ့အုတ်ရေကန် တည်ဆောက်ပြီးစီးမှု  အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြား ပါသည်။

အဆိုပါ   အာလောင်ကျေးရွာ၌  ဂါလန် ၅၀၀၀ ဆံ့အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၉ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ကာ မေလ စတုတ္ထ အပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီ ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၃၃၅၊ လူဦးရေ ၁၆၂၀ ဦးတို့ အတွက် အကျိုးပြုပေးနိုင်မှာဖြစ်ကြောင်း စစ်ကိုင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။

No comments

Powered by Blogger.