UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန်၏ တတိယမြောက်ကာကွယ်ပွဲ ပေါ်တူဂီဖိုက်တာ မာနယ်ကတ်နှင့် ထိုးသတ်ရမည်



ရန်ကုန် အောက်တိုဘာ ၂၅

 

နာမည်ကျော်တိုက်ခိုက်ရေးအဖွဲ့အစည်း UFC ၏ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သူ မြန်မာဖိုက်တာ ဂျိုရှုအာဗန်၏ တတိယမြောက်ချန်ပီယံကာကွယ်ပွဲအဖြစ် ပေါ်တူဂီဖိုက်တာ မာနယ်ကတ်နှင့် ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်သည်။

 

UFC သည် ဂျိုရှုအာဗန်နှင့် ထိုးသတ်ရမည့်ပြိုင်ဘက်ကို အောက်တိုဘာ ၂၅ ရက်က တရားဝင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၃၀ ရက် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၃၁ ရက်) တွင် ကနေဒါနိုင်ငံ၌ကျင်းပမည့် UFC 336 ပြိုင်ပွဲတွင် ပါဝင်မည်ဖြစ်သည်။ ဂျိုရှုအာဗန်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသည့် ပြိုင်ပွဲ၌ ဘရာဇီးဖိုက်တာ ပန်တိုဂျာကို အနိုင်ယူပြီး ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်လာကာ ၂၀၂၆ ခုနှစ်အတွင်း ချန်ပီယံကာကွယ်ပွဲ နှစ်ပွဲထိုးသတ်ရာ နှစ်ပွဲစလုံး အနိုင်ရရှိထားသည်။

 

ဂျိုရှုအာဗန်သည် ၂၀၂၆ ခုနှစ်အတွင်း ချန်ပီယံကာကွယ်ပွဲထိုးသတ်ရာ ပရိသတ်အကြိုက် စွမ်းဆောင်ရည်ကောင်းများပြသကာ ချန်ပီယံခါးပတ်နှင့် ထိုက်တန်ကြောင်းပြသခဲ့ပြီး ပထမပွဲတွင် ဂျပန်ဖိုက်တာ တက်ဆုရိုတိုင်ရာ၊ ဒုတိယပွဲတွင် ဘရာဇီးဖိုက်တာ ချန်ပီယံဟောင်း ပန်တိုဂျာကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။

 

သတင်း - ရှိုင်းထက်ဇော်၊ ဓာတ်ပုံ - UFC

No comments

Powered by Blogger.