ပြင်သစ်သမ္မတ မက်ခရွန် ယခုရက်ပိုင်းအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်မည်



ဖနောင်ပင် နိုဝင်ဘာ ၉

 

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်သည် ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်စီဟာမိုနီ၏ ဖိတ်ကြားချက်အရ လာမည့်နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

 

သမ္မတ မက်ခရွန်သည် ကမ္ဘောဒီးယားခရီးစဉ်အတွင်း တော်ဝင်နန်းတော်၌ ဘုရင်စီဟာမိုနီနှင့် တွေ့ဆုံမည်ဖြစ်ပြီး အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်တီချိုဟွန်ဆန်နှင့် ဝန်ကြီးချုပ် ဟွန်မာနက်တို့နှင့်လည်း နှစ်နိုင်ငံဆွေးနွေးပွဲများပြုလုပ်ရန် စီစဉ်ထားကြောင်းသိရသည်။ သမ္မတမက်ခရွန်၏ ခရီးစဉ်သည် ၁၉၉၃ ခုနှစ်က ဖရန်ဆွာ မီးတရောင်း ပြီးနောက် ပြင်သစ်သမ္မတတစ်ဦးအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့သွားရောက်သည့် ပထမဆုံးနိုင်ငံတော်အဆင့် ခရီးစဉ်ဖြစ်လာမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.